ယခုလအတွင်းစစ်မှုထမ်းဆောင်မယ့်ဟိုယာ

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ "INFINITE" ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဟိုယာဟာ စစ်မှုထမ်းဆောင်တော့မှာဖြစ်ကြောင်း လတ်တလောမှာ လူမှုကွန်ရက်မီဒီယာကနေတစ်ဆင့်ထုတ်ဖော်ပြောကြားလာတာ ဖြစ်တယ်လို့ အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဟိုယာက သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ စစ်မှုထမ်းဆောင်မယ့်သတင်းကို ရေးသားဖော်ပြခဲ့တာပါ။ လာမယ့် ဖေဖော်ဝါရီ ၇ ရက်မှာ စတင်စစ်မှုထမ်းဆောင်တော့မှာဖြစ်ပြီး ဒီသတင်းနဲ့ပတ်သက်လို့ ယခင်ကပြောကြားခဲ့ဖူးခြင်းမရှိဘဲ ရုတ်တရက်ထုတ်ဖော်ပြောကြားလာတာဖြစ်တယ်လို့လည်း သိရပါတယ်။

အေးပြည့်