ဟနွိုင်း ဇူလိုင် ၂
ဗီယက်နမ်နိုင်ငံ၌ ယခုနှစ် ပထမနှစ်ဝက်အတွင်း ကော်ဖီတင်ပို့မှုမှရရှိသည့် ဝင်ငွေသည် အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံအထိ စံချိန်တင်ရောက်ရှိခဲ့သည်ဟု စိုက်ပျိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနက ဇူလိုင် ၂ ရက်တွင် ပြောသည်။
အဆိုပါ ဝင်ငွေပမာဏသည် တစ်နှစ်တာကာလအတွင်း ရည်ရွယ်သတ်မှတ်ထားသည့် အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကို ကျော်လွန်ခဲ့ခြင်းဖြစ်သည်။ ပို့ကုန်တန်ဖိုးလျင်မြန်စွာ မြင့်တက် ရသည့် အကြောင်းရင်းမှာ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်တို့အပါအဝင် အဓိကဈေးကွက်ကြီးများ၏ ဝယ်လိုအားမြင့်တက်လာမှုကြောင့်ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုမှရရှိသည့် ဝင်ငွေသည် ယခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံအထိရရှိကာ ၂၀၂၄ ခုနှစ်ကထက် ၃၇ ရာခိုင်နှုန်း မြင့်တက်လာစေရေး မျှော်မှန်း ထားကြောင်း အဆိုပါဝန်ကြီးဌာနက ပြောသည်။
ဆင်ဟွာ