တိုကျို ဇူလိုင် ၁၉

ဂျပန်နိုင်ငံသို့ နိုင်ငံခြားခရီးသွား ဝင်ရောက်မှု အရေအတွက်သည် ယခုနှစ် ပထမနှစ်ဝက်အတွင်း၁၀ သန်းကျော်ရှိကြောင်း အစိုးရ၏ ခန့်မှန်းတွက်ချက်မှုအရသိရသည်။

အဆိုပါ အရေအတွက်သည် ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ ကာလက အနေအထားသို့ ပထမ ဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ ဇွန်လအထိ ခြောက်လအတွင်း ဂျပန်နိုင်ငံသို့ ခရီးသွားဝင်ရောက်မှုမှာ၁၀ ဒသမ၇. သန်းခန့်ရှိကြောင်း .. ဂျပန်အမျိုးသား ခရီးသွားလုပ်ငန်းအဖွဲ့က ခန့်မှန်းတွက်ချက်ထားသည်။

ဂျပန်အစိုးရသည် ပြီးခဲ့သည့် ဆောင်းဦးရာသီ ကတည်းက ပြည်ဝင်ခွင့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။ ဂျပန်နိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားခရီးသွားများအနက် တောင်ကိုရီး ယားနိုင်ငံက ၃ ဒသမ ၁ သန်းကျော်ဖြင့် အများဆုံးဖြစ်သည်။ ထို့နောက်တွင် အမေရိကန် နိုင်ငံမှ ခရီးသွား ၉၇၀၀၀၀ ခန့် ဝင်ရောက်မှုရှိကြောင်းနှင့် တရုတ်နိုင်ငံမှ ခရီးသွားဝင်ရောက်မှု မှာလည်း တိုးလာကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ