ယခုနှစ် ပထမငါးလအတွင်း ပင်လယ်စာတင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံခန့် ဗီယက်နမ် ဝင်ငွေရရှိ

ဟနွိုင်း ၅ ဇွန်

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမငါးလအတွင်း ပင်လယ်စာ အထူးသဖြင့် ပုဇွန်နှင့်ငါးခူများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံနီးပါး ဝင်ငွေရရှိခဲ့ပြီး နှစ်အလိုက် တစ်ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် မေလအတွင်း ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုက အမေရိကန်ဒေါ်လာ သန်း ၇၅၀ ဝင်ငွေရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် အလားတူကာလထက် ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ဗီယက်နမ်နိုင်ငံထုတ် ပင်လယ်စာများအတွက် အကြီးမားဆုံးဈေးကွက်များတွင် ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်နှင့် တောင်ကိုရီးယားတို့ ပါဝင်ခဲ့သည်။ ယခုနှစ်အတွင်း ပင်လယ်စာတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရရှိရန် ဗီယက်နမ်နိုင်ငံက ကြိုးပမ်းနေပြီး ယမန်နှစ်က ဝင်ငွေ အမေရိကန် ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံ ရရှိခဲ့သည်။

 

mdn

 

ထို့အပြင် ရေထွက်ပစ္စည်းထုတ်လုပ်မှုကို တန်ချိန် ၄ ဒသမ ၃ သန်းထိ ၃ ဒသမ ၆ ရာခိုင်နှုန်း တိုး မြှင့်နေပြီး ခေတ်မီနည်းပညာများအသုံးပြု၍ ပင်လယ်စာအရည်အသွေးကို မြှင့်တင်လျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားသည်။ ဇန်နဝါရီလနှင့် မေလအတွင်း ဗီယက်နမ်နိုင်ငံသည် ပင်လယ်စာ တင်ပို့မှုမှ စုစုပေါင်း အမေရိကန် ဒေါ်လာ ၃ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ပြီး နှစ်အလိုက် ၆ ဒသမ ၂ ရာခိုင် နှုန်း မြင့်တက်လာခဲ့ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ပြောကြားသည်။

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမငါးလအတွင်း ရေထွက်ပစ္စည်း တန်ချိန် ၁ ဒသမ ၅ သန်းခန့် ထုတ်လုပ်ခဲ့ပြီး ၇ ရာခိုင်နှုန်း မြင့်တက်လာကာ ဖမ်းဆီးရမှုပမာဏမှာ တန်ချိန် ၁ ဒသမ ၅ သန်းကျော်ပြီး ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်