ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် မင်းဘူးခရိုင်မှ ကျောင်းသားကျောင်းသူ ၁၂၅၂၀ ဦး ဝင်ရောက်ဖြေဆိုသွားမည်

မင်းဘူး   ၂၄  ဖေဖော်ဝါရီ   

 

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွက် မတ်လ ၇ ရက်နေ့မှ ၁၆ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ စာရင်းဦးရေမှာ ၁၂၅၂၀ ဦး ရှိကြောင်း မင်းဘူးခရိုင် ပညာရေးမှူးရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။

 

ယခုနှစ်အတွက် မင်းဘူးခရိုင်အတွင်း စာစစ်ဌာန(၂၃)ခု ဖွင့်လှစ်ထားရှိ၍ ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး၊ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်သွင်းထားသည့် ကျောင်းသားကျောင်းသူများကို ယခုလ ၁၉ ရက်နေ့က စတင်ကာ စာမေးပွဲဝင်ရောက်ဖြေဆိုခွင့် ကတ်ပြားများကိုလည်း ခရိုင်အတွင်းရှိ စာစစ်ဌာန အသီးသီးတွင် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုချိန် ကာလအတွင်း အေးချမ်းစွာ သွားလာဖြေဆိုနိုင်ရေး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပညာရေးဌာနနှင့် ကျောင်းသားမိဘများ ပူးပေါင်းကာ အနီးကပ် စောင့်ရှောက်မှုများ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)