ယခုနှစ်အတွက်ဂရမ်မီဆုပေးပွဲကျင်းပပြီးစီး

၁၂  ဖေဖော်ဝါရီ

 

ကျော်ကြားတဲ့ နိုင်ငံတကာတေးဂီတထူးချွန်ဆုပေးပွဲတစ်ပွဲဖြစ်တဲ့ ဂရမ်မီဆုပေးပွဲကို လတ်တလောမှာတော့ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ နာမည်ကျော် ကြယ်ပွင့်တွေများစွာ တက်ရောက်ကြသလို မတက်ရောက်တဲ့အတွက် ပရိသတ်တွေ၊ စိတ်မကောင်းဖြစ်ရတဲ့ တေးသံရှင်တွေလည်းရှိနေတာ တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ ဆုပေးပွဲမှာတော့ နာမည်ကျော် တေးသံရှင်တွေဖြစ်ကြတဲ့ တေလာဆွစ်၊ ရီဟားနား၊ ဘီယွန်းစေး အစရှိတဲ့ ကမ္ဘာကျော်တွေ တက်ရောက်လာတာ မတွေ့ရပါဘူး။

 

ဒီနှစ်ရဲ့ တေးအယ်လ်ဘမ်ဆုကိုတော့ ကေစီမက်စ်ဂရေ့စ်က “Golden Hour” တေးအယ်လ်ဘမ်နဲ့ ရရှိခဲ့ပါတယ်။ “Record of the Year” ဆုကိုတော့ တေးသံရှင် ချိုင်းဒစ်ဂမ်ဘီနိုက “This Is America” နဲ့ ရရှိခဲ့တာပါ။ “This Is America” နဲ့ပင် တစ်နှစ်တာရဲ့ တေးသီချင်းဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ အကောင်းဆုံး ရက်ပ်တေးအယ်လ်ဘမ်ဆုကိုတော့ “Sweetener” တေးအယ်လ်ဘမ်နဲ့ အရီရန်နာဂရန်းဒ်က ဆွတ်ခူးခဲ့တာကိုလည်း တွေ့ရပါတယ်။ တေးသံရှင် ကာဒီဘီကလည်း ယခုနှစ်ဆုပေးပွဲမှာတော့ အကောင်းဆုံး ရက်ပ်တေးအယ်လ်ဘမ်ဆုကို “Invasion of Privacy” တေးအယ်လ်ဘမ်နဲ့ ရရှိခဲ့တယ်လို့ သိရပါတယ်။

 

အေးပြည့်