၁၁ ဇွန်
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေစဉ် ခရီးသွားလာမှု ကျဆင်းလာခြင်းကြောင့် ယခုနှစ်အတွင်း လေကြောင်းလိုင်းများ အနေဖြင့် အမေရိကန်ဒေါ်လာ ၈၄ ဘီလီယံ ဆုံးရှုံးမည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာလုံးဆိုင်ရာလေကြောင်း ကုန်သွယ်ရေး အဖွဲ့အစည်း တစ်ခုက ပြောကြားလိုက်သည်။
အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေး အသင်းက ကမ္ဘာ့လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း၏ အခြေအနေကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်အတွင်း ခရီးသွာလာသည့် ဉီးရေမှာ ၂ဒသမ ၂၅ဘီလီယံသို့ ကျဆင်းသွာမည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကထက် ထက်ဝက်ခန့် ကျဆင်းသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းက ခန့်မှန်းတွက်ချက်ထားသည်။
လေကြောင်းလိုင်းများ၏ ဝင်ငွေသည် ပြီးခဲ့သည့်နှစ်က ဝင်ငွေထက် ၅၀ ရာခိုင်နှုန်း ကျဆင်းမည် ဖြစ်သည်။
လေကြောင်းလိုင်းများ၏ သမိုင်းတွင် ၂၀၂၀ ဘဏ္ဍာရေးနှစ်သည် အဆိုးရွားဆုံး ဘဏ္ဍာရေးနှစ် တစ်နှစ်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်းရေး အသင်းက ပြောကြားခဲ့သည်။
အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ ကယ်ဆယ်ရေး အစီအစဉ်က လေယာဉ်ခရီးစဉ်များအတွက် ကန့်သတ်ချက်များ ရုပ်သိမ်းလိုက်သည့်အခါ ခရီးသည်နှင့် လေယာဉ်အမှုထမ်းများ ဘေးကင်းစေရန် အရေးကြီးကြောင်း အပြည်ပြည်ဆိုင်ရာလေကြောင်း သယ်ယူပို့ဆောင်ရေး အသင်းက ထောက်ပြပြောဆိုခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်