ဆိုးလ်   နိုဝင်ဘာ   ၁၆

 

တောင်ကိုရီးယားနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုသည် ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့် ယခုနှစ်အတွင်း ကျဆင်းမှုဖြစ်ပေါ်ခဲ့ကြောင်း တောင်ကိုရီးယား စာရင်းအင်းရုံးက နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန် သည့်အချက်အလက်များအရ သိရသည်။

 

သုံးရာခိုင်နှုန်း ကျဆင်း

 

တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း ဆန်စပါးတန်ချိန်စုစုပေါင်း ၃၇၆၄၀၀၀ ထုတ်လုပ်နိုင်ခဲ့ပြီး ယမန်နှစ်ကထက် သုံးရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း   တောင်ကိုရီးယား  စာရင်းအင်းရုံးက ပြောကြားသည်။

 

တောင်ကိုရီးယားနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှု သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကာလအတွင်းကလည်း ငါးနှစ်ဆက်တိုက် ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ယခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုကျဆင်းရခြင်းသည် နေသာသောနေ့ ရှားပါးခြင်းနှင့် တိုင်ဖွန်း မုန်တိုင်း ဟင်နမ်နော၏ ဆိုးကျိုးသက်ရောက်မှုများကြောင့်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ယခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံတစ်ဝန်း ဆန်စပါးစိုက်ခင်း ၇၂၇၀၅၄ ဟက်တာအထိ ကျဆင်းခဲ့ခြင်းကြောင့် ဆန်စပါးထုတ်လုပ်မှုသည်လည်း ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 ကိုးကား - ဆင်ဟွာ

 ဘာသာပြန် - အလင်းသစ်