မြင်းမူ ၁၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ယခုလာမည့် ပညာသင်နှစ်အတွင်း အခြေခံပညာကျောင်း(၈)ကျောင်းအား တစ်ဆင့်တိုးမြှင့်ဖွင့်လှစ် သင်ကြားခွင့် ရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ အခြေခံကျောင်းများအနက် အဆင့်တိုး တိုးမြှင့်ဖွင့်လှစ်သင်ကြားခွင့်ရရှိသော ကျောင်းများမှာ ငါးကင်းကျေးရွာရှိ(အ.လ.က)ကျောင်းအား (အ.ထ.ကခွဲ)သို့လည်းကောင်း၊ ရွှေကျောင်းကန်ကျေးရွာ၊ နဘဲကြူးကျေးရွာ၊ ကံသာကျေးရွာ၊ ပဲတောင်း(တောင်ရွာ)နှင့် ဆပ္ပျာကျင်းကျေးရွာများရှိ မူလတန်းလွန်ကျောင်းများအား အခြေခံပညာ အလယ်တန်းကျောင်းများသို့လည်းကောင်း၊ တွင်းကြီးကျေးရွာရှိ မူလတန်းကျောင်းအား မူလတန်းလွန်ကျောင်းအဖြစ် တိုးချဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျောင်းများအဆင့်တိုး ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ ကျေးရွာများရှိ ကျောင်းသား/သူများအနေဖြင့် ပညာသင်ကြားရေအတွက်များစွာ ထောက်အကူရရှိမည်ဖြစ်ကြောင်း၊ ကန်သာကျေးရွာမှ ကျောင်းသားမိဘဖြစ်သူ ဦးမျိုးထံမှ သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)


