ယခုနှစ်ကြံပေါ်ချိန်ရာသီ၌ရှမ်းအညာ(ခေါ်)လင်းခေးဒေသထွက် ကြံသကာ၊မြေပဲကြံသ ကာနှင့်ဆီးသီးကြံသကာများဈေးကွက် ကောင်းရရှိ

လင်းခေး ဇန်နဝါရီ ၂၉
              
ယခုနှစ် ကြံပေါ်ရာသီချိန်၌ ရှမ်းပြည် နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊လင်းခေးဒေသထွက်ကြံသကာ၊မြေပဲကြံသကာနှင့်ဇီး (ဆီးသီး)ကြံသကာများ ဈေးကွက်ကောင်း ရလျက်ရှိကြောင်း သိရသည်။
       
အဆိုပါလုပ်ငန်းလုပ်ကိုင်လျက်ရှိသူ လင်းခေးဒေသခံတောင်သူတစ်ဦးက”ကျွန် မတို့ကြံကိုကိုယ်တိုင်စိုက်ပျိုးပါတယ်၊ဒီကနှစ် ကြံပေါ်ချိန်ရာသီမှာရိုးရိုးကြံသကာကတစ်ပိဿာ ၁၅၀ဝ ၊မြေပဲကြံသကာ၊ ဆီးသီးကြံ သကာတွေကတစ်ပိဿာ  ၆၀၀ဝ နဲ့ ၇၀၀ဝ ဈေးရောင်းချရပါတယ်”ပြီးတော့ကျွန်မတို့က ဆီးသီးသကြားလုံးလေးတွေကိုလည်း ပြုလုပ်ရောင်းချပါတယ်”ဟု၎င်းကပြောသည်။
 
ဆက်လက်၍ “ကျွန်မတို့ကိုယ်ပိုင်ကြံခြံမှာ တစ်နှစ်တစ်နှစ်အနည်းဆုံး(၃)ဧကနဲ့(၄)ဧကခန့်စိုက်ပျိုးလုပ်ကိုင်ပါတယ်၊ကြံခုတ်ရာသီ ရောက်ပြီဆို မိသားစုအပြင် နေ့စားကြံခုတ် လုပ်ကိုင်သူတွေကိုငှားပြီးခုတ်ရပါတယ်၊ နေ့စားကြံခုတ်တစ်ဦးကို တစ်နေ့လုပ်ခကျပ် ၁၀၀၀ဝ ပေးရပါတယ် လွန်ခဲ့ပြီးနှစ်တွေ မှာတော့တစ်ဦးငှားခ ကျပ် ၅၀၀ဝ နဲ့ ၇၀၀ဝ ရှိခဲ့ပါတယ်” ကျွန်မတို့ လင်းခေး ဒေသထွက်ကြံသကာအစားအစာအမျိုးမျိုးတွေကိုမောက်မယ်၊လဲချား၊ကြေးသီးနဲ့မိုင်း နောင်၊မိုင်းကိုင်မြို့နယ်များ၊တောင်ကြီး၊ လွိုင်လင်၊ပင်လုံ၊ကျိုင်းတုံ၊တာချီလိတ်၊မိုင်းတုံ၊မိုင်းဆတ်မြို့များသို့ တင်ပို့ရောင်းချနိုင်ပါ တယ်”ဟုကြံလုပ်ငန်းတောင်သူလုပ်ကိုင်သူ ဒေါ်နန်းငင်းထံမှ သိရပါသည်။
       
ရှမ်းအညာဒေသ(ခေါ်)လင်းခေးမြို့နယ် အတွင်းရှိ ဒေသခံတောင်သူအများစုသည် ကြံစိုက်ပျိုးလုပ်ငန်းများအပြင် နှမ်း၊ မြေပဲ၊
ပြောင်း၊ဆီထွက်နေကြာ၊ပဲစင်းငုံ၊ပဲကြီး၊ပဲတီ စိမ်း၊ဂျပန်နှမ်းခေါ် ပန်းနှမ်းနေကြာ တို့ကို လည်းသီးထပ်/သီးညှပ်စိုက်ပျိုးလုပ်ကိုင်ကြ ပါသည်။ လင်း‌ခေးဒေသ၏စိုက်ပျိုးရေး လုပ်ငန်းအဓိကထွက်ကုန်ဖြစ်သော ကြံလုပ် ငန်းမှထွကရှ်ိသည့် ကြံသကာလုပ်ငန်းမှာ ယခုနှစ်တွင်ယခင်နှစ်များထက် ဈေးကွက် ကောင်းလျက်ရှိကြောင်း သိရသည်။

လင်းခေးခရိုင်(ပြန်/ဆက်)