ဇွန် ၇

တရုတ်နိုင်ငံ၏ ကုန်ပစ္စည်း တင်သွင်းမှုနှင့်တင်ပို့မှုစုစုပေါင်းသည်  ယခုနှစ်ပထမငါးလအတွင်း ယွမ်သတ်မှတ်ချက်ဖြင့် တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်လာသည်ဟု ယနေ့တွင်တရားဝင်အချက်အလက်ဖော်ပြထားသည်။

ဇန်နဝါရီလမှမေလအတွင်း တရုတ်နိုင်ငံ၏ကုန်ပစ္စည်းတင်ပို့မှုသည် ယမန်နှစ်ကထက် ၆ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကုန်ပစ္စည်းတင်သွင်းမှုသည် ၆ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်လာသည်ဟု သိရသည်။

တရုတ်နိုင်ငံ၏နိုင်ငံခြားကုန်ပစ္စည်းကုန်သွယ်မှုသည် ဇန်နဝါရီလမှ မေလအတွင်း ယွမ် ၁၇ ဒသမ ၅ ထရီလီယံ( အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၆ ထရီလီယံ)ရှိသည်။ ကုန်ပစ္စည်းတင်ပို့မှု ယွမ် ၉ ဒသမ ၉၅ ထရီလီယံနှင့် ကုန်ပစ္စည်း တင်သွင်းမှု ယွမ် ၇ ဒသမ ၅၅ ထရီလီယံရှိကြောင်း ဖော်ပြထားသည်။ မေလအတွင်းမှာပင် နိုင်ငံခြားကုန်သွယ်ရေး ၈ ဒသမ ၆ ရာခိုင်နှုန်း၊ ယွမ် ၃ ဒသမ ၇၁ ထရီလီယံ တိုးတက်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို