ယခုနှစ်ရဲ့ အကောင်းဆုံးဟာသရုပ်ရှင်ဆုကို Crazy Rich Asians  ဆွတ်ခူး

၁၅  ဇန်နဝါရီ


အာရှသရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ ဟောလိဝုဒ်ရုပ်ရှင် “Crazy Rich Asians” ဟာ ယခုနှစ်ရဲ့ “Critics’ Choice Awards” ဆုပေးပွဲမှာတော့ အကောင်းဆုံးဟာသရုပ်ရှင်ဆုကို သိမ်းပိုက်ခဲ့ကြောင်း အီးတီအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ (၂၄)ကြိမ်မြောက် “Critics’ Choice Awards”ဆုပေးပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီဆုပေးပွဲမှာတော့ အကောင်းဆုံးဟာသရုပ်ရှင်ဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပြီး ထူးချွန်ဆုလက်ခံအပြီး အမှတ်တရ စကားပြောကြားချိန်မှာတော့ ယင်းရုပ်ရှင်ရဲ့ ထုတ်လုပ်သူဖြစ်တဲ့ နီနာဂျက်ဘ်ကော့ဆန်က ပြောကြားပေးခဲ့ပါတယ်။ အမှတ်တရစကား ပြောစဉ်မှာ အဆိုပါရုပ်ရှင်ရဲ့ အဖွဲ့သားတွေအားလုံး စင်မြင့်ထက်မှာ တက်ရောက်ကာ နီနာနဲ့ အတူရှိနေခဲ့တာကိုလည်း တွေ့ရပါတယ်။

 

အေးပြည့်