HBO ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲရုပ်ရှင်တွေအနက် ကျော်ကြားတဲ့ရုပ်ရှင်တစ်ကားဖြစ်တဲ့ “Game of Thrones” ဟာ လတ်တလောမှာ ပြုလုပ်ခဲ့တဲ့ “Creative Arts Emmys” ဆုပေးပွဲကြီးမှာတော့ ထူးချွန်ဆုငါးဆု သိမ်းပိုက်နိုင်ခဲ့တာဖြစ်ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေ အရ သိရပါတယ်။
နည်းပညာနဲ့ အနုပညာပိုင်းဆိုင်ရာ ထူးချွန်ဆုပေးပွဲတစ်ပွဲဖြစ်တဲ့ “Creative Arts Emmys” မှာ အဆိုပါရုပ်ရှင်ဟာ တေးဂီတပိုင်းဆိုင်ရာ၊ စတန့်ပြကွက်တွေ၊ အဝတ်အစားဒီဇိုင်းတွေ၊ ထုတ်လုပ်မှုဒီဇိုင်း စတာတွေနဲ့ပတ်သက်တဲ့ ထူးချွန်ဆုတွေ ရရှိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။
အေးပြည့်