ယခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲကို BTS တက်ရောက်မည်

ဖေဖော်ဝါရီ ၆၊ ၂၀၁၉မကြာမီမှာ ကျင်းပတော့မယ့် ဟောလိဝုဒ်ရဲ့ တေးဂီတထူးချွန်ဆုပေးပွဲတစ်ပွဲဖြစ်တဲ့ ဂရမ်မီဆုပေးပွဲမှာတော့တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ပါဝင်တက်ရောက်သွားမှာဖြစ်ကြောင်း လတ်တလောမှာ သတင်းတွေပေါ်ထွက်ခဲ့တာဖြစ်တယ်လို့ အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

လပေါင်းများစွာ ကြိုးစားခဲ့မှုရလဒ်တွေကြောင့် "BTS" ဟာ နောက်ဆုံးမှာတော့ အထင်ကရအနုပညာထူးချွန်ဆုပေးပွဲဖြစ်တဲ့ ဂရမ်မီဆုပေးပွဲရဲ့ ကော်ဇောနီပေါ် ပါဝင်လျှောက်လှမ်းခွင့်ရခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ ကေပေါ့ပ်အဖွဲ့ဟာ ယခုနှစ်ဆုပေးပွဲမှာ တက်ရောက်သွားမှာ အသေအချာပင်ဖြစ်ကြောင်းလည်း သိရပါတယ်။ ယခုနှစ်ဆုပေးပွဲမှာ "BTS" အနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်သွားမှာလဲ ဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမယ့်ပရိသတ်တွေအနေနဲ့တော့ ဒီလိုတက်ရောက်ခွင့်ရတဲ့အပေါ် အလွန်ဝမ်းမြောက်မိကြပြီး အဖွဲ့ဝင်တွေအတွက်လည်း ကြိုးစားမှုအတွက်ထိုက်တန်တဲ့ ရလဒ်တစ်ခုဖြစ်တယ်လို့ ဆိုရမှာပါ။

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဂရမ်မီဆုပေးပွဲရဲ့ ယခုနှစ်ပွဲဟာ (၆၁)ကြိမ်မြောက်ဖြစ်ပြီး လာမယ့်ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်