နယူးဒေလီ ဇူလိုင် ၂၃
အိန္ဒိယနိုင်ငံ၌ ယမုံနာမြစ်ရေမှာ ဇူလိုင် ၂၃ ရက်တွင် စိုးရိမ်ရေမှတ်ကို ထပ်မံကျော်လာသည့်အတွက်မြို့တော်ဒေလီနယ်မြေများတွင် ရေလွှမ်းမိုးမှုဒဏ်နှင့် ကြုံတွေ့ရဖွယ်ရှိသည်ဟု သိရသည်။ ညနေပိုင်းတွင် မြစ်ရေထပ်တိုးလာမည်ဟု ခန့်မှန်းထားပြီး အနိမ့် ပိုင်းဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည် ဟု သိရသည်။ အကယ်၍ မြစ်ရေထပ်မံမြင့်တက်လာပါက အချို့သော နေရာများတွင် ရေလွှမ်းမိုးမှုနှင့် ကြုံတွေ့ရမည်ဖြစ်သည်။ ဒေလီအစိုးရ သည်မြစ်ရေကြီးမှုနှင့်ပတ်သက်၍သတိပေးမှုအမြင့်ဆုံးထုတ်ပြန်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်ရန်လည်း အဆင်သင့် ပြင်ထားသည်။
ယမုံနာမြစ်ရေသည် ဒေလီမြို့ ဒေသအများအပြားကို တစ်ပတ် ကျော် ရေလွှမ်းမိုးစေခဲ့သည်။ ဟာယာနာ ရေထိန်းတံတားမှ ရေများလွှတ်ခြင်းနှင့် ဟီမာချယ်ပရာဒေ့ရှ်တွင် မိုးတွင်းကာလ မိုးရွာသွန်းမှု များကြောင့် မြစ်ရေမျက်နှာပြင်မြင့်တက်လာခြင်းဖြစ်သည်။
ဆင်ဟွာ