(၁၁-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
၁။ (၁၁-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဓာတ်ခွဲနမူနာ (၁၈၇) ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၆၆) ခု၊ စုစုပေါင်း (၃၅၃)ခု ကိုစစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။
၂။ (၁၁-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၈၀) ဦး ရှိပြီ ဖြစ်ပါသည်။
၂။ ဓာတ်ခွဲအတည်ပြု လူနာဟောင်းများ၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးရာ၌ (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၂) ဦး (Case-30 နှင့် 97) ရှိသဖြင့် (၁၁-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၇၄) ဦးရှိပါသည်။ ၎င်းတို့အနက် (၅၉)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၅။ (၁၀-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၁-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၈၁)ဦး ရှိပါသည်။
၆။ ယနေ့အတွက် ဓာတ်ခွဲအဖြေသတင်းများ ထပ်မံထုတ်ပြန်ရန် မရှိတော့ပါ။
Ref:ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


