နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ 230kV လှိုင်သာယာ ပင်မဓာတ်အားခွဲရုံ၏ 230kV Bus ထိန်းသိမ်း ပြုပြင်ခြင်းကို ယနေ့ နိုဝင်ဘာ ၂၁ ရက် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ လည်းကောင်း၊ 230kV မြောင်းတကာ ပင်မဓာတ်အားခွဲရုံ၏ 230kV Bus ထိန်းသိမ်းပြုပြင်ခြင်းကို နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ ထိန်းသိမ်းပြုပြင်ခြင်း ဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေလင်ဗန်း၊ ရွှေပြည်သာ၊ မှော်ဘီ၊ တိုက်ကြီး၊ မြောင်းတကာ၊ အဖျောက်၊ ထန်းတပင်၊ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်းမြို့နယ်များအတွင်း ယာယီဓာတ်အား ပြတ်တောက်မှုများ ရှိမည်ဖြစ်ကြောင်းနှင့် အရေးကြီး နေရာများ ဓာတ်အားပြတ်တောက်မှု မရှိစေရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ မိဘပြည်သူများထံသို့ အသိပေးပန်ကြားထားသည်။
Source: YESC CallCenter


