ဓနုဖြူ  ၁၄ ဧပြီ 

 


ဓနုဖြူမြို့၏ ဥမ္မာဒန္တီကမ်းခြေတွင် ယနေ့ သင်္ကြန်အကျနေ့၌ လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။ 

 

a

 

ဥမ္မာဒန္တီကမ်းခြေသို့ လာရောက်အပန်းဖြေကျသော အများပြည်သူများအနေဖြင့်  ပူပြင်းလှသည့် ရာသီဖြစ်သော်လည်း ကမ်းခြေရှိ သက်ကယ်အမိုးအရိပ်များအောက်တွင် သဘာဝအုန်းရည်၊ အအေး၊ ငါးကင်၊ ခရု၊ ကျောက်ပွင့် စသည့် အစားအသောက်များ မှာယူစားသောက်ရင်း နားနေလျက်ရှိပြီး သမိုင်းဝင် ကျိုက္ကလွန်ပွန်း စေတီတော်မြတ်ကြီးအား ဖူးမြော်လျက်ရှိကြောင်း သိရသည်။ 

 

d

 

အဆိုပါ သင်္ကြန်ကာလတွင် ဓနုဖြူမြို့သို့ အများဆုံးလာရောက် အပန်းဖြေပျော်ပါးကြသည့် အများပြည်သူများအား မြို့နယ်ရဲတပ်ဖွဲ့မှ အန္တရာယ်ကင်းရှင်းစေရေးအတွက် လှည့်ကင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


အောင်သူဟိဏ်း(ဓနုဖြူ)