ယင်းမာပင်  ၈   နိုဝင်ဘာ   

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေတိုက်များပူးပေါင်း၍ စာအုပ်၊ စာစောင်ပြပွဲနှင့် စာအုပ် ဈေရောင်းပွဲတော်ကို  နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

ယင်းမာပင်မြို့နယ်အတွင်း ကလေးများ စာအုပ်၊ စာပေများနှင့် ရင်းနှီကျွမ်းဝင်ကာ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေရေးတို့အတွက် စာအုပ်၊ စာစောင် ပြပွဲနှင့် စာအုပ်ဈေရောင်းပွဲတော် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

 

" ဒီစာ စာအုပ်၊ စာစောင်ပြပွဲနှင့် စာအုပ်ဈေရောင်းပွဲတော်ကို မုံရွာ-ပုလဲ-ဂန့်ဂေါသွား ကားလမ်း     မကြီးဘေးရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မျက်နှာစာမှ သီးပင်ကျောင်းတိုက်၊ ရွှေစေတီ ဘုရာဝင်းရှေ့အထိ လမ်းမကြီးဘေးတစ်လျောက် စာအုပ်ဆိုင်ပေါင်း ၂၀ တို့က နေ့စဉ် နံနက်ပိုင်း စတင်၍ ပြခန်းများဖွင့်လှစ်ကာ ကျင်းပသွားမှာ ဖြစ်ပြီး စာအုပ်ဈေးရောင်းပွဲတော်မှာ အလွှာပေါင်းစုံ ဖတ်ရှုနိုင်သည့် သုတ၊ရသ စာအုပ်မျိုးစုံနဲ့ကလေးစာပေများကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်" ဟု ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းဌေးက ပြောပြသည်။

 

ယင်းမာပင်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေတိုက်များနှင့် ပူးပေါင်း၍ စာအုပ်၊ စာစောင်ပြပွဲနှင့် စာအုပ်ဈေရောင်းပွဲတော်ကို ပထမဆုံးအကြိမ် ပြသရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။

 

သန်းဌေးအောင်(ကနီ)