ယင်းမာပင်    ၁၃   စက်တင်ဘာ      


စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊  ယင်းမာပင်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ကြီးမှူးပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲက ယင်းမာပင်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သာယာအေးခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ယင်းမာပင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထီက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်တိကျစွာ ကောက်ယူရေးသွင်းနိုင်ရေး၊ အချက်အလက်များ မှန်ကန်မှုရှိစေရန် ယခုလို သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းသို့ ယင်းမာပင်မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။


သန်းဌေးအောင်(ကနီ)