ယင်းမာပင် ၂၃   ဧပြီ  

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းမှ သမိုင်းဝင်ရွှေတောင်ဦးရှိ တိပိဋက စာသင်တိုက်နှင့် ကျောင်းတိုက်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေး ဖျန်းခြင်းများကို ဧပြီ ၂၃ ရက်နေ့ နံနက် ၈ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက သွားရောက်၍ ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

5652

 

သမိုင်းဝင် ရွှေတောင်ဦးနယ်မြေရှိ တိပိဋက စာသင်တိုက်၊ မဂ္ဂင်ကျောင်းကျောင်းတိုက်နှင့် လယ်တီ ကျောင်းတိုက်တို့တွင် သီတင်းသုံးနေထိုင်ကြသော ဆရာတော်သံဃာတော်များ၏ ကျောင်းတိုက်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန် ပိုးသတ်ဆေးများ ဖျန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျောင်းတိုက်များအား ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါထိမ်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့် အညီ ရွှေတောင်ဦးဂေါပကနှင့် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူပေါင်း၍ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)