ယင်းမာပင် ၁၅   ဧပြီ   

 

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ရေးအတွက် ပြည်သူများကို ဝန်ဆောင်မှုအနေဖြင့် ယင်းမာပင်မြို့ စည်ပင်သာယာရေးကော်မတီမှ စားသောက်ကုန်ပစ္စည်းများအား မူလဈေးနှုန်အတိုင်း ဧပြီ ၁၅ ရက်နေ့မှစ၍ အိမ်အရောက် ဝန်ဆောင်မှုပေး ပို့ဆောင်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

 

4758

 

"သင်္ကြန်ကာလရုံးပိတ်ရက်များတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အနေဖြင့်  မဖြစ်မနေ ဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စရပ်များမှလွဲ၍ နေအိမ်ပြင်ပသို့ ထွက်ခွာ လာခြင်းများ မပြုလုပ်ဘဲ မိမိ၏နေအိမ်၌ (Home Stay) နေထိုင်ကြစဉ် အဆင်ပြေစေရန် ယင်းမာ ပင်မြို့မဈေးအတွင်း ရောင်းချသော သား/ငါး၊ ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံများနှင့် စားသောက်ကုန် များကို မှာယူလိုပါက မူလဈေးနှုန်းအတိုင်း ပစ္စည်းရောက်ငွေချေစနစ်ဖြင့် ယနေ့မှစတင်ကာ ဝန်ဆောင်မှုပေးခြင်း ဖြစ်ပါတယ်"ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဗိုလ်မြင့်က ပြောသည်။

 

ယင်းမာပင် မြို့ပေါ်မှ ပြည်သူများအနေဖြင့် မြို့မဈေးတွင်ရောင်းချသော သား/ငါး၊ ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံများနှင့် စားသောက်ကုန်များ၊ အမှန်တကယ်လိုအပ်သည့် ပစ္စည်းများကို မှာယူလိုပါက မိမိတို့မှာယူလိုသည့် ပစ္စည်းအမျိုးအမည် အရေအတွက်တို့ကို လိပ်စာအတိအကျဖြင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဗိုလ်မြင့် ဝ၉-၂၃၀ဝ၆၂၈ ဖုန်းနှင့် (ဝ၉-၄၄၂၀၇၅၄၆၂၊ ဝ၉-၄၀ဝ၅၁၅၆၂၅၊ ဝ၉-၂၅၄၃၂၄၈၄၈၊ ဝ၉-၄၀ဝ၄၆၉၆၃၈၊ ဝ၉-၄၂၆၇၇၂၉၅၀၊ ဝ၉-၄၀၁၅၃၅၉၂၈၊ ဝ၉-၄၀ဝ၅၁၅၅၀၃နှင့် ဝ၉-၆၉၂၀၂၀၁၉၉ တို့အား မှာယူနိုင်ပါကြောင်း သိရသည်။

 

သန်းဌေးအောင်(ကနီ)

 

368