ယင်းမာပင် ၁ အောက်တိုဘာ 

     

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းနှင့် မသန်းစွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်ပွဲကို အောက်တိုဘာ ၁ ရက် နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သာယာအေး ခန်းမ၌ ကျင်းပ ကြောင်း သိရသည်။

 

ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင် ယင်းမာပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီတို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရဲလင်းအောင်က နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်းမှရှိသော သက်ကြီးဘိုးဘွားများရဲ့ လူမှုရေးပင်စင်နှင့် မသန်းစွမ်းသူများအား ပြည်သူများ၏ ရသင့်ရထိုက်သော အခွင့်အရေးများကို ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဒီကနေ့ ကျွန်တော်တို့မြို့နယ်အတွင်းမှာရှိတဲ့  သက်ကြီးဘိုးဘွားများရဲ့ လူမှုရေးပင်စင်နှင့် မသန်းစွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် သက်ကြီးဘိုးဘွားများရဲ့ လူမှုရေးပင်စင်နှင့် မသန်းစွမ်းသူများအား ထောက်ပံ့ငွေများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။ ယင်းမာပင်မြို့နယ်အတွင်းတွင် သက်ကြီးအဘိုးအဘွား (၆၇၉)ဦးရှိပြီး တစ်ဦးကို တစ်လလျှင် တစ်သောင်းနှုန်းဖြင့် သုံးလစာ သုံးသောင်းကျပ် ကို ထောက်ပံ့ပေးအပ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မသန်စွမ်းသူဦးရေ ၉၆၀ အတွက် တစ်ဦးလျှင် ၃၀ဝ၀ဝ နှုန်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သန်းဌေးအောင်(ကနီ)