ယင်းမာပင်  ၂၆   မေ

 

ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများ စိုက်ပျိုးထုတ်လုပ်သုံးစွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို  မေ ၂၄ ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ သာယာအေးခန်းမ၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ိတ္

 

အခမ်းအနားတွင် ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဆီစက်လုပ်ငန်းလုပ်ကိုင်သူ တောင်သူ ဦးရန်အောင်က ဆီစက်လုပ်ငန်း လုပ်ကိုင်နေရမှုအခြေအနေ၊ ဆီထွက်သီးနှံစိုက်ပျိုးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ 

 

္တ္

 

ဆွေးနွေးပွဲတွင် ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က စားသုံးသူရေးရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ   ဦးကျော်ဌေးနိုင်က ဆီးထွက်သီးနှံနှင့် ဆီကို အလွန်အကျူး စားသုံးခြင်းကြောင့် ဖြစ်ပွားရသော ရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက GAP စနစ်ဖြင့် ထုတ်လုပ်နိုင်ရေးကို ရှင်းလင်းဆွေးနွေးပြီး ယင်းမာပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာချိုက (Aflatoxin) မှိုအကြောင်း သိကေင်းစရာများကို ဆွေးနွေးပြောကြားခဲ့သည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ကုန်သည်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့်  သက်ဆိုင်ရာ တာဝန်ရှိသူများက အုပ်စု(၄)စုဖွဲ့ကာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သန်းဌေးအောင်(ကနီ)