ယင်းမာပင်     ၃    အောက်တိုဘာ       

           

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့တွင် လယ်ယာကဏ္ဍစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု စီမံကိန်း(ADSP) အစီအစဉ်ဖြင့် ယင်းမာပင်ခရိုင်အတွင်း တောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများအား ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်နည်း နည်းပညာပေးသင်တန်းကို စက်တင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီက ခရိုင်စုပေါင်းရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။

           

သင်တန်းတွင် လယ်ယာကဏ္ဍစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု စီမံကိန်း(ADSP)ဖြင့် တောင်သူများနှင့် ဝန်ထမ်းများ ပူးပေါင်းပြီး အကျိုးအမြတ်များများ ရရှိရေးအတွက် စိုက်ပျိုးနည်းစနစ်များ အသုံးပြုရေးနှင့် သီးနှံများကို ဓာတုပိုးသတ်ဆေး၊ ဓာတုမြေဩဇာ သုံးစွဲမှုကို လျှော့ချပြီး ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်းများကို စနစ်တကျ အသုံးပြုတတ်စေရန် နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် ယင်းမာပင်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်၊ တိုင်ဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီတို့က အဖွင့်အမှာစကား ပြောကြားပြီး ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက တောင်သူများအနေဖြင့် သီးနှံစက်ပျိုးထုတ်လုပ်ရာတွင် အစားအစာများ ဘေအန္တရာယ်ကင်းရှင်းပြီး ထုတ်လုပ်နိုင်စေရန်၊ ဓာတုပိုးသတ်ဆေး၊ ဓာတုမြေဩဇာများကို စနစ်တကျ အသုံးပြုတတ်စေရေးနှင့် စိုက်ပျိုးရေးသွင်းအားစုများ ဈေးနှုန်းကြီးမြှင့်လာ၍ ကုန်ကျစရိတ်မြင့်မား လာမှုအပေါ် မိမိတို့ဒေသတွင် အလွယ်တကူရရှိနိုင်သော သဘာဝပိုးသတ်ဆေးများ၊ သဘာဝမြေဩဇာများ၊  ဇီဝမြေဩဇာများ သုံးစွဲလာနိုင်စေရန် ယခုလို ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်နည်း နည်ပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်များ၌ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသော ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ( IHTDV) မျိုးစေ့စိုက်ခင်းများ၊ စံပြကွက် စမ်းသပ်ကွက်များအတွက် ဓါတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်ရာ ယင်းမာပင်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်၊ တိုင်ဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီနှင့် တာဝန်ရှိသူများက ပေးအပ်ပြီး မြို့နယ်(၄)မြို့နယ်မှ မြို့နယ်စိုက်ပျိုးရေးဦးစီးများ လက်ခံရယူခဲ့ကြသည်။

 

အဆိုပါသင်တန်းသို့ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ စိုက်ပျိုးရေးဝန်ထမ်း ၆၀ ဦးနှင့် တောင်သူ ၄၂ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ၂ ရက်ကြားဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                                              

သန်းဌေးအောင်(ကနီ)

 

1