ညောင်ဦး ၁၄ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ ပုဂံမြို့ဟောင်း ယွန်းပညာကောလိပ်မှ ကိုဗစ်-၁၉ အလွန်ကာလမှာ ယွန်းပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းပညာ ကာလတိုသင်တန်းများ (၅) ခုကို (၁၄)ရက်ကြာ အခမဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။        

 

သင်တန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ယွန်းပညာကောလိပ်(ပုဂံ)အနေဖြင့် ကိုဗစ်-၁၉ အလွန်ကာလမှာ ပြည်သူများ အသက်မွေးဝမ်းကျောင်းပညာတစ်ခု သင်ယူတတ်မြောက်စေရန် ယွန်းပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာဖြင့် ပြည်သူများ အပိုဝင်ငွေရရှိနိုင်ရေး ရည်ရွယ်ပြီး ဂျပန်ယွန်း (အနက်ထည်) နည်းပညာကာလတိုသင်တန်း၊ ကညစ်ယွန်း နည်းပညာကာလတို သင်တန်း၊ သားရိုးပန်းကြွ ကျောက်စီရွှေချယွန်း နည်းပညာကာလတိုသင်တန်း၊ ယွန်းလက်ဝတ် အဆင်တန်ဆာ (ရွှေဇဝါယွန်း) နည်းပညာကာလတိုသင်တန်း၊ ပျူလက်ဝတ်အဆင်တန်ဆာ (ရွှေဇဝါယွန်း) နည်းပညာကာလတိုသင်တန်းများ စုစုပေါင်းသင်တန်း (၅) ခုကို အခမဲ့ ဖွင့်လှစ်သင်ကြား ပို့ချသွားမှာဖြစ်ကြောင်း ယွန်းပညာကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်စုစုခိုင်က ပြောသည်။

 

အဆိုပါ သင်တန်းများဖွင့်လှစ်ရာ၌ သင်တန်းတစ်ကြိမ်တွင် သင်တန်းသား (၁၅)ဦး လက်ခံသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၄)ရက်ကြာ ဖွင့်လှစ်သွားမှာဖြစ်၍ သင်တန်းကြေး အခမဲ့ (Free of Charge) ဖြစ်ကြောင်း၊ ယွန်းပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းများ တက်ရောက်လိုသည် ပြည်သူများအနေဖြင့် သိရှိလိုသည်များနှင့် အသေးစိတ်အချက်အလက်များအား ဝ၆၁-၂၄၆၀၂၆၇၊ ဝ၉-၂၅၉၀၅၁၃၂၁ တို့ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 

ကျော်မင်းဦး(ရေနံချောင်း)