ရန်ကုန်   ၂၅   ဩဂုတ်  

 

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ ကြီးမှူးပြီး YBS ယာဉ်လိုင်းများနှင့်အတူ COVID -19 ရောဂါ ကာကွယ်ရေးအတွက် ဘတ်စ်ကားစီး ခရီးသည်များနှင့် လမ်းသွားလမ်းလာများအား Mask များ ဝေငှခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်စေခြင်း၊ COVID -19 ကာကွယ်ရေး အသိပညာပေးစာစောင်များ ဝေငှခြင်းတို့ကို လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့ကြသည်။


ဆူးလေဘုရားလမ်း ဇင်ယော်မုန့်တိုက်ရှေ့မှတ်တိုင်၊ မြို့တော်ခန်းမရှေ့၊ သင်္ဃန်းကျွန်းစံပြစျေးမှတ်တိုင်၊ သခင်မြ ပန်းခြံ၊ ယုဇနပလာဇာမှတ်တိုင်၊ လှည်းတန်းမှတ်တိုင်၊ မြောက်ဥက္ကလာပအဝိုင်း၊ သန်လျင်ဘုရားကုန်းမှတ်တိုင်၊ ရွှေပြည်သာ ထန်းခြောက်ပင်မှတ်တိုင်၊ လှိုင်သာယာ(ဘီအိုစီ)မှတ်တိုင်၊ မင်္ဂလာဒုံ၊ တိုက်ကြီး၊ လှည်းကူးနှင့် ၇/၈ လမ်းဆုံတို့တွင် တစ်ပြိုင်နက်တည်း MASK CAMPAIGN ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Mask ခုရေ တစ်သောင်း ဝေငှခဲ့ခြင်းဖြစ်သည်။


YRTA အနေနှင့် ရက်သတ္တပတ်တိုင်းတွင် COVID-19 ရောဂါကာကွယ်ရေး အသိပညာပေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်၏ ပြောကြားချက်အရ သိရသည်။


#MRTV