ရန်ကုန် ဇွန် ၁
FIFA-MFF ယူ-၁၆ လူငယ်ဖူဆယ် လိဂ်ပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးရက်သတ္တပတ် ဖြစ် သည့် ပွဲစဉ် (၁၁)ကို ဇွန် ၁ ရက်က တောင်ဒဂုံဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ Kyaung Sayar Tharhtwe 3: ပွဲစလုံးအနိုင်ရပြီး ပွဲစလုံးအ ဦးဆောင်နေသည်။
ပွဲစဉ် (၁၁) တွင် SGF အသင်း King Cobra အသင်းကို ခြောက်ဂိုး-သုံးဂိုး၊ Jullnissအသင်း က Avengers Junior အသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ Pacific Sun Far အသင်းက ရွှေပြည်သာ ယူနိုက်တက်အသင်းကို ခြောက် ဂိုး-တစ်ဂိုး၊ Golden Boys အသင်း က မလိခအသင်းကို သုံးဂိုး-တစ်ဂိုး၊ Kyaung Sayar Thar-htwe အသင်းက Victoria အသင်း ကို ၁၀ ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး FFU မင်းမဟော်အသင်းနှင့် TKA Star အသင်း နှစ်ဂိုးစီသရေကျခဲ့ သည်။ ပွဲစဉ် (၁၁) တွင် Kyaung Sayar Tharhtwe အသင်းက ပထမအကျော့ ၁၁ ပွဲစလုံး အနိုင် ယူပြီး ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ပထမအကျော့ အပြီးတွင် Kyaung Sayar Tharhtwe အသင်းက ၃၃ မှတ်ဖြင့် ဦးဆောင် နေပြီး Pacific Sun far အသင်းက ၂၆ မှတ်၊ SGF အသင်းက ၂၅ မှတ်၊ Golden Boys အသင်းက ၂၁ မှတ်၊ Avengers Junior မှတ်၊ King Cobra အသင်းနှင့် Victoria အသင်းတို့က ၁၈ မှတ်စီ၊ Jullniss အသင်းက ၁၆ မှတ်၊ မလိခအသင်းက ကိုးမှတ်၊ TKA Star အသင်းက ငါးမှတ်၊ FFU မင်းမဟော်အသင်းက နှစ်မှတ်၊ ရွှေပြည်သာယူနိုက်တက်အသင်း က တစ်မှတ်ရရှိထားသည်။
သော်လေး၊ ဓာတ်ပုံ-MFF