ရန်ကုန်၊ အောက်တိုဘာ ၆

 

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံ ရသည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးသည် သက်ဆိုင်ရာ နိုင်ငံသံရုံးများ၊ ဝန်ကြီးဌာနများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေ ရသည့် မြန်မာနိုင်ငံသူ မမေရီအား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူအေအီးနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံသားအကျိုးစီးပွား မြှင့်တင်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအလုပ်အကိုင်အေဂျင်စီရုံးတို့နှင့် ညှိနှိုင်းဆောင်ရွက်မှုဖြင့် ပြန်လည်ထွက်ခွာခွင့်လက်မှတ်(Out Pass) ရရှိခဲ့ပြီး မြန်မာနိုင်ငံသူ မမေရီသည် အောက်တိုဘာ ၆ ရက် တွင် ဒူဘိုင်း-ရန်ကုန် ခရီးစဉ်ဖြင့်ထွက်ခွာခဲ့ရာ ည ၁၀ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့သို့  ပြန်လည်ရောက်ရှိခဲ့သည်။

           

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများ အား မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့မှ ညှိနှိုင်း‌ကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိပြီး ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီ ကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံးနှင့် မြန်မာသံရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ -  ကနူး

ညိမ်းသူ(သတင်းစဉ်)