ယူအီးအက်ဖ်အေ ယူ-၂၁ ချန်ပီယံရှစ်   နောက်ဆုံးဗိုလ်လုပွဲအဖြစ် စလိုဗက်ကီးယားနိုင်ငံ  ဗလာတီ စလာဗာမြို့၌ ဇွန် ၂၉ ရက် နံနက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန် ယူ-၂၁ နှင့် ဂျာမနီ ယူ-၂၁ အသင်းပွဲစဉ်တွင် အင်္ဂလန်အသင်းက အကြိတ်အနယ်ကစားပြီး သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိကာ နှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့သည်။

အင်္ဂလန်အသင်းသည် ကွာတားဖိုင်နယ်တွင်  စပိန် ယူ-၂၁၊ ဆီမီးဖိုင်နယ်တွင် နယ်သာလန် ယူ-၂၁  အသင်းတို့ကို   အနိုင်ယူကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်လှမ်းလာခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် လည်း     အင်္ဂလန် ယူ-၂၁ အသင်းသည် ဂျာမနီ ယူ-၂၁  အသင်းကို   ထပ်မံအနိုင်ယူ ကျော်ဖြတ်ကာ ယူအီးအက်ဖ်အေ ယူ-၂၁ ချန်ပီယံရှစ်ဖလားကို ထိုက်ထိုက်တန်တန် နှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အကြိတ်အနယ်ရှိကာ    သာမန်ပွဲကစားချိန်အတွင်း  အနိုင်အရှုံး ရလဒ် ထွက်ပေါ်ထားခြင်းမရှိဘဲ တစ်ဖက်နှစ်ဂိုးစီသရေကျနေသည့်အတွက် အချိန်ပို   မိနစ်  ၃၀ ဆက်လက်   ယှဉ်ပြိုင်ကစားခဲ့ရသည်။ အချိန်ပို မိနစ် ၃၀ စတင်ပြီး မကြာမီ အင်္ဂလန် ယူ-၂၁ အသင်းမှ လူစားဝင်ကစားသမား ဂျိုနသန်ရိုဝီက အသင်းအတွက်    အနိုင်သေချာစေမည့်      တတိယဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

ဂျာမနီ ယူ-၂၁ အသင်းသည် အင်္ဂလန် ယူ-၂၁ အသင်းကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့သော် လည်း နိုင်ပွဲရသည်အထိ စွမ်းဆောင်နိုင်ခြင်း မရှိသောကြောင့် ရှုံးပွဲကြုံတွေ့ကာ  ဖလားဆွတ်ခူးခွင့်      လွဲချော်ခဲ့သည်။ အင်္ဂလန် ယူ -၂၁ အသင်းအတွက် သွင်းဂိုးများကို   အီလီအော့သ်၊ ဟွတ်ချင်ဆန်နှင့် ရိုဝီတို့ကသွင်းယူပေးပြီး ဂျာမနီ ယူ-၂၁ အသင်းအတွက် သွင်းဂိုးများကို ဝေပါနှင့် နီဘဲလ်တို့က        သွင်းယူပေးခဲ့သည်။  လီဗာပူးအသင်း   ကစားသမား ဟာဗေးအီလီအော့သ်သည် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။                  

အောင်ဇော်