ကမ်ပါလာ  မတ်  ၂၃

ယူဂန္ဓာနိုင်ငံအရှေ့ပိုင်း   ဘူကီဒီယာခရိုင်၌ ဆင်စွယ် ၁၀၆ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ယူဂန္ဓာတောရိုင်းတိရစ္ဆာန်အာဏာပိုင်အဖွဲ့(UWA) က ပြောကြားသည်။

ရဲတပ်ဖွဲ့သည်  ယူဂန္ဓာတောရိုင်းတိရစ္ဆာန်  အာဏာပိုင်အဖွဲ့နှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းအတွင်း သံသယရှိသူငါးဦးကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက လူမှုကွန်ရက်မီဒီယာ၌ မတ် ၂၃ တွင် ပြောကြားသည်။

အလားတူ နိုင်ငံမြောက်ပိုင်း  နွိုယာခရိုင်၌  အလေးချိန် ၁၅၄ ကီလိုဂရမ်ရှိသည့် ဆင်စွယ်အကြမ်းထည် အပိုင်းအစ  ၁၀  ခုကို သိမ်းဆည်းရမိခဲ့ပြီး နောက်တစ်လခန့်အကြာတွင် ယခုလို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။ ယူဂန္ဓာနိုင်ငံ၌ ဆင်စွယ်မှောင်ခိုကူးခြင်းမှာ ကြီးလေးသည့် ပြစ်ဒဏ် တစ်ခုဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ

ဓာတ်ပုံ-TRT Afrika’s Post