အောက်တိုဘာ ၂၅

 

ယူဂန်ဒါနိုင်ငံအလယ်ပိုင်း မူကိုနိုခရိုင်တွင် ယနေ့ မနက် ၁ နာရီခန့်က စာသင်ကျောင်းတစ်ကျောင်း မီးလောင်မှုဖြစ်ပွားသဖြင့် ကလေး ၁၁ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

 

အဆိုပါမီးလောင်မှုသည် ဆာလာမာမျက်မမြင်ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုမီးလောင်ကျွမ်းမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုမသိရှိရသေးသော်လည်း ယခုအချိန်အထိ သေဆုံးသူ ၁၁ ဦးရှိကြောင်း အတည်ပြုသတင်းထုတ်ပြန်ထားသည်။ 

 

ထို့ပြင် ခြောက်ဦးသည် အခြေအနေစိုးရိမ်ရပြီး ဟီရိုနာဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

 

ယူဂန်ဒါနိုင်ငံရှိစာသင်ကျောင်းများတွင် မီးလောင်မှုများဖြစ်ပွားလေ့ရှိကြောင်းနှင့် မြို့တော်ကမ်ပါလာရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ဇန်နဝါရီလက မီးလောင်ကျွမ်းမှုကြောင့် ကလေး လေးဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

 

နိုင်ငံအလယ်ပိုင်းအထက်တန်းကျောင်းတွင် ၂၀၁၈ ခုနှစ်က မီးလောင်ကျွမ်းမှုဖြစ်ပွားသဖြင့် ကျောင်းသားကိုးဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို