ယူဂန်ဒါနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြင်းထန်သဖြင့် သီတင်းပတ်နှစ်ပတ်ကြာ ပါလီမန် ပိတ်ထားမည်

ဇွန် ၂၃

 

ယူဂန်ဒါနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယလှိုင်း ပြင်းထန်စွာဖြစ်ပွားနေမှုကြောင့် သီတင်းပတ်နှစ်ပတ်ကြာ ပါလီမန်ပိတ်ထားမည် ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

မြို့တော် ကမ်ပါလာရှိ ပါလီမန်အဆောက်အဦများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းရှင်းစေရန် လွှတ်တော်အမတ်များအတွက် ဇွန် ၂၈ ရက်မှ ဇူလိုင် ၁၁ ရက်နေ့အထိ ပါလီမန်ကို ပိတ်ထားမည်ဟု ပါလီမန်တာဝန်ရှိသူတစ်ဦးဖြစ်သော ဂျိန်ကစ်ဘရစ်က ပြောကြားသည်။

 

ဉပဒေပြုအမတ်များနှင့်အဖွဲ့ဝင် ၁၀၀ ကျော်တို့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ပါလီမန်ကော်မရှင်အဖွဲ့က ပြီးခဲ့သည့်သီတင်းပတ်က ကြေညာခဲ့ပြီးနောက်တွင် ယင်းကဲ့သို့ ပါလီမန်ပိတ်ရန် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

 

ယူဂန်ဒါနိုင်ငံတွင် ၂၀၂၀ ခုနှစ် မတ်လနောက်ပိုင်းမှစတင်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဖြစ်ပွားခဲ့ရာ ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၃၄၀၁ ဦးရှိပြီး သေဆုံးသူ ၇၁၄ ဦး ရှိသည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို