ယူဂန်ဒါတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀ ဦး ရှိလာ

၇ မေ

 

ယူဂန်ဒါနိုင်ငံတွင် နယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ်မောင်းနှစ်ဦး  ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း စမ်းသပ်စစ်ဆေးခဲ့ပြီးနောက်  ဗုဒ္ဓဟူးနေ့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၀၀ ဦး ရှိလာသည်ဟု ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ယူဂန်ဒါ ဗိုင်းရပ်စ် သုတေသန အဖွဲ့အစည်းတွင် စမ်းသပ်စစ်ဆေးခဲ့သည့် ကုန်တင်ယာဉ်မောင်း၃၀၇၁ ဦး မှ ကိုဗစ်-၁၉ ကူးစက်ခံရသူ နှစ်ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ခုတွင် ယင်းဝန်ကြီးဌာနက ပြောကြားထားသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၀ ဦးရှိသည့်အနက် ၅၅ ဦး မှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို