၆ မေ

ယူနိုက်တက်ကင်းဒမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေမှာ ၂၉၀ဝ၀ သို့ ရောက်ရှိသွားပြီဖြစ်ပြီး ဥရောပနိုင်ငံများထဲတွင် သေဆုံးမှုအမြင့်ဆုံး တိုင်းပြည်ဖြစ်သည်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများသည် တနင်္လာနေ့ကအတွင်း သေဆုံးသူပေါင်း ၇၀ဝ နီးပါးမျှ ရှိပြီဖြစ်ပြီး စုစုပေါင်း သေဆုံးသူ ၂၉၄၂၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဗြိတိန်ကျန်းမာ အာဏာပိုင်များက ကြေညာခဲ့သည်။

 

အဆိုပါ အရေအတွက် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်တွင် သေဆုံးသူအများဆုံး ဦးရေဖြစ်သည်။ အဆိုပါ အရေအတွက်မှာ အီတလီနိုင်ငံထက် ပိုမိုများပြားသည်။

 

ယူကေတွင် ကူးစက်မှုအမြင့်ဆုံးသို့ ရောက်ရှိလာပြီးနောက် စောင့်ရှောက်ရေးဂေဟာများတွင် သေဆုံးသူအရေအတွက် မြင့်မားနေဆဲဖြစ်သည်။

 

ကိုရိုနာဗိုင်းရပ်စ်ကို မြန်ဆန်စွာ စစ်ဆေးခြင်းက ပိုမိုအကျိုးရှိနိုင်ကြောင်း ယမန်နေ့က လွှတ်တော်သို့ အစိုးရ၏သိပ္ပံဆိုင်ရာအကြံပေးချုပ် ပက်ထရစ်ဗလဲန်းစ်က ပြောကြားခဲ့သည်။

 

လူမှုရေးနှင့် စီးပွားရေးလှုပ်ရှားမှုများအပေါ် ပြင်းထန်သည့် ကန့်သတ်ချက်များကို ဖြေလျှော့မည့် စီမံထားပုံကိုရှင်းပြရန် နိုင်ငံတော်အား တနင်္ဂနွေနေ့တွင် မိန့်ခွန်းပြောကြားရန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က စီစဉ်ထားလျက်ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်