ယူကရိန်း ရွေးကောက်ပွဲတွင်အနိုင်ရရှိမည်ဟု ဇီလန်စကီး ပါတီ မျှော်လင့်

၂၂ ဇူလိုင်

 


ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇီလန်းစကီး၏ပါတီသည် ယူကရိန်းနိုင်ငံ ပါလီမန်တွင် အကြီးမားဆုံးအင်အားအဖြစ် ဦးတည်နေကြောင်း ဖော်ပြထားသည်။

 


ပြီးခဲ့သည့် မေလက သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဟာသမင်းသားဟောင်း ဇီလန်းစကီး ကို ယမန်နေ့က ကျင်းပသော ပထမပါလီမန်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များက မဲပေးရွေးချယ်ခဲ့ကြသည်။

 


ဇီလန်စကီး သည် ပြည်သူ့ဝန်ထမ်းပါတီကို ၂၀၁၇ ခုနှစ်က ဖွဲ့စည်းခဲ့သော်လည်း ပါလီမန်တွင် အမတ်နေရာရရှိခြင်းမရှိခဲ့ပေ။

 


အာဏာရရှိပြီးနောက် ရွေးကောက်ပွဲချက်ချင်းကျင်းပဖို့ ဇီလန်စကီး က ကြေညာခဲ့သည်။

 


၃ ဒသမ ဝ၃ ရာခိုင်နှုန်း မဲရေတွက်ပြီးရာ ဇီလန်စကီးပါတီသည် မဲ ၄၀ ဒသမ ၃၆ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေကြောင်း ရွေးကောက်ပွဲကော်မရှင် က ဆိုသည်။

 


ရုရှားအကျိုးပြု အတိုက်အခံပလက်ဖောင်းပါတီက ၁၀ ဒသမ ဝ၆ ရာခိုင်နှုန်းရရှိစဉ် ဝန်ကြီးချုပ်ဟောင်း ယူလီယာ တီမိုရှန်ကို၏ ဖာသားလန်းပါတီသည် ၁၀ ဒသမ ၂၄ ရာခိုင်နှုန်း ရရှိခဲ့သည်။

 


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို