ယူကရိန်း သမ္မတရွေးကောက်ပွဲတွင် ရုပ်သံသရုပ်ဆောင် ထိပ်ဆုံးမှ ဦးဆောင်နေ

၁ ဧပြီ

 

ယူကရိန်းသမ္မတရွေးကောက်ပွဲ မဲရလဒ်များကို ရေတွက်လျက်ရှိသည်။ ဘိုလိုဒီမာ ဇလန်စကီသည် အခြားကိုယ်စားလှယ်လောင်းများကို ကျော်ဖြတ်ပြီး မဲအသာဖြင့် ဦးဆောင်လျက်ရှိပြီး သေချာသည့် မဲရလဒ်များကို ဒီလနှောင်းပိုင်းတွင် သိရမည်ဖြစ်သည်။

 

ေ

 

မဲများ၏ ၂၉ရာခိုင်နှုန်းကို ရေတွက်ပြီးဖြစ်ကြောင်း၊  ဇလန်စကီသည် မဲရလဒ်များ၏ ၃၀ဒသမ၁ ရာခိုင်နှုန်းကို ရရှိ ခဲ့ပြီး  လက်ရှိ သမ္မတ ပက်ထရို ပိုရိုရှန်ကိုက ၁၆ ဒသမ ၆ ရာခိုင်နှုန်း၊ ဝန်ကြီးချုပ်ဟောင်း ယူလီယာ တိုင်မိုရှန် ကိုက ၁၃ ဒသမ ၂ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မတီက ပြောကြားသည်။ 

 

သုတေသနနှင့် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စစ်တမ်းကောက်ယူမှုအရ မဲများ၏ ၃၀ရာခိုင်နှုန်းကျော် ကို အသက် ၄၁ နှစ်အရွယ် ဟာသမင်းသားက ရရှိခဲ့ကြောင်း သိရသည်။

 


ဇလန်စကီသည် နိုင်ငံရေးအတွေ့အကြုံ မရှိသော်လည်း  ရုပ်သံဇတ်လမ်းတွဲတစ်ခုတွင် သမ္မတအဖြစ် သရုပ်ဆောင်ရင်း နာမည်ကြီးလာခဲ့ခြင်းဖြစ်သည်။

 

ဇလန်စကီနှင့် လက်ရှိသမ္မတ ပိုရိုရှန်ကိုတို့ကြား ရွေးကောက်ပွဲကို ဧပြီ ၂၁ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ဒေသန္တရမီဒီယာများက ရေးသားဖော်ပြသည်။

 

တ

 

နိုင်ငံသားအများစု၏ ရိုးသားသောထောက်ခံမှုကြောင့် သမ္မတမဲဆွယ်စည်းရုံးမှုမှာ အဆင်ပြေချောမွေ့ခဲ့ခြင်းဖြစ် ကြောင်း ရွေးကောက်ပွဲရလဒ်များကို ကြည့်ရှုပြီးနောက် ဇလန်စကီက မှတ်ချက်ပြုခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်