ကိယက်ဗ် ဖေဖော်ဝါရီ ၂၈
ကိယက်ဗ်မြို့ကို ထိုးစစ်ဆင်နေကြသည့် ရုရှားတပ်ဖွဲ့ဝင်များကို ယူကရိန်းတပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်လျက် ရှိကြောင်း ယူကရိန်းသမ္မတ ဗိုလို ဒီမာဇီလန်စကီက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောသည်။ ။
ယူကရိန်းနိုင်ငံအတွင်းရှိ မြို့များစွာနှင့် နေရာပေါင်းများစွာတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။ သို့သော်လည်း ကိယက်ဗ်နှင့် ပတ်ဝန်းကျင်မြို့များမှာမူ ယူကရိန်းတပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။ ရုရှားတပ်ဖွဲ့ဝင်များက လူနေအိမ်အဆောက် အအုံများကို တိုက်ခိုက်မှုပြုလုပ်သည်ဟု ယူကရိန်း သမ္မတက စွပ်စွဲထားသည်။ ရုရှားတို့ဘက်မှ တိုက်လေယာဉ်များ အပါအဝင် ဒုံးကျည်များနှင့် လက်နက်မျိုးစုံ အသုံးပြုသည်ဟုလည်း ဇီလန်စကီ က ပြောသည်။
ထို့နောက် ရုရှားဦးဆောင်သည့် စစ်ပွဲကို ဆန့်ကျင်နေကြသည့် တာဝန်သိရုရှားပြည်သူများကို ကျေးဇူးတင်ကြောင်း ၎င်းက ရုရှားဘာသာဖြင့် ပြောကြားခဲ့သည်။
စစ်ပွဲကိုရပ်တန့်ရန် လိုအပ်ကြောင်းနှင့် ငြိမ်းချမ်းစွာ အတူတကွနေထိုင်၍ရကြောင်း ယူကရိန်းသမ္မတက ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ