တီးတိန် ၁၈ အောက်တိုဘာ
ကုလသမဂ္ဂ ကလေaးများရန်ပုံငွေအဖွဲ့(ယူနီဆက်)မှ ချင်းပြည်နယ် တီးတိန်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွက် ပံ့ပိုးပေးသော တိုင်းရင်းသားစာပေနှင့်မြန်မာစာဖြင့်ထုတ်ဝေသည့် ရုပ်ပြစာအုပ်များကို စာငှါး၊စာဖတ်ပရိသတ်များ စိတ်ဝင်တစားဖတ်ရှုငှါးရမ်းလျက်ရှိကြောင်း စာထောက်(၃)ဒေါ်ညောင်းဆန်းနဲမ်းထံမှ သိရသည်။
အဆိုပါစာအုပ်များသည် ယူနီဆက်မှ တီးတိန်မြို့နယ်ပြန်/ဆက်ရုံး ပြည်သူ့စာကြည့်တိုက်အတွက် ရုပ်ပြစာအုပ် ၂၅ မျိုး စုစုပေါင်း ၂၅၀ အုပ် ပံ့ပိုးပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ဆက်မှ သိရသည်။
MDN


