ရန်ကုန် ၂၃ စက်တင်ဘာ
အောက်တိုဘာ ၁ ရက်တွင် တစ်နိုင်ငံလုံး၌ ယူနီကုဒ်စနစ်ကို ပြောင်းလဲအသုံးပြုနိုင် ရေးအတွက် မြန်မာယူနီကုဒ်ဧရိယာအဖွဲ့ အပါအဝင် ယူနီကုဒ်ကူးပြောင်းလိုသူများက စတင် ပြောင်းလဲအသုံးပြုမည့်သူများအား ဖေ့စ်ဘုတ် Group နှင့် Page တို့မှ တစ်ဆင့် အကူအညီများ ပေးလျက်ရှိသလို ပြည်တွင်း အမြို့ မြို့အနယ်နယ်ရှိ ဖုန်း ဆိုင်များနှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းလုပ်သူအချို့ကလည်း ယူနီကုဒ် ပြောင်းသုံးရန်အတွက် ဆိုင်များတွင် အခမဲ့ ဝန်ဆောင်မှုပေးခြင်းများကို ယခု စက်တင်ဘာလအတွင်း ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။
ယူနီကုဒ်ပြောင်းသုံးရန်အတွက် မြန်မာ ယူနီကုဒ်ဧရိယာ အဖွဲ့(Myanmar Unicode Area)အနေဖြင့် အွန်လိုင်းမှ ကူညီခြင်းအပြင် မြေပြင်တွင် ကွင်းဆင်း ဆောင်ရွက်ပေးမှုအနေဖြင့် မြန်မာယူနီကုဒ်ဧရိယာအဖွဲ့က ကြီးမှူး၍ Unicode Workshop ကို MICT Park အခန်း(၂၀၅)၌ စက်တင်ဘာ ၁၅ ရက်က ပြုလုပ် ခဲ့ကာ ယူနီကုဒ်ပြောင်းလိုသော ဖုန်းများ၊ လက်ပ်တော့ပ်များနှင့် ကွန်ပျူတာများကို အခမဲ့ ယူနီကုဒ်ပြောင်းပေးခြင်းနှင့် အခက်အခဲများ ဖြေရှင်းပေးခြင်းတို့ကို အဖွဲ့ဝင် စေတနာ့ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ထို့အပြင် မြန်မာယူနီကုဒ် ဧရိယာအဖွဲ့ကပင် ဦးဆောင်ပြီး Pentagon Engineering Group မှ နေရာ ထိုင်ခင်းပံ့ပိုးမှုဖြင့် Unicode Workshop ကို စက်တင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ (၃၅)လမ်း အမှတ်(၂၂၃)၌ ထပ်မံပြုလုပ်ခဲ့သည်။
ယူနီကုဒ် ပြောင်းသုံးလိုသူများအတွက် မြန်မာယူနီကုဒ်ဧရိယာအဖွဲ့က ကြီးမှူး၍ Facebook Group မှ အွန်လိုင်းကူညီမှုများအပြင် ယခုကဲ့သို့ မြေပြင်တွင် ကိုယ်တိုင်ကိုယ်ကျ ကူညီမည့် Workshop များကို နောက်အပတ်များတွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး နေရာများကို ထုတ်ပြန်ကြေညာမည်ဖြစ်ကာ ပြောင်းလဲလိုသူများအနေဖြင့် Workshop သို့ ယူနီကုဒ်ပြောင်းလဲလိုသော ဖုန်း များ၊ ကွန်ပျူတာများကို ယူဆောင်၍ လာရောက်နိုင်ကြောင်း အသိပေး ကြေညာ ထားသည်။
ထို့အပြင် မြို့နယ်အသီးသီးမှ ဖုန်းဆိုင်အချို့တွင်လည်း ယူနီကုဒ်ပြောင်းသုံးမည့် သူများ အဆင်ပြေစေရန်အတွက် အခမဲ့ ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။ ရန်ကုန်မြို့ရှိ ကွန်ပျူတာနှင့် ဖုန်းဆိုင်ကြီးဖြစ်သော Technoland (ဖုန်း- ဝ၉-၂၅၄၈၃၉၂၂၅)သည် စက်တင်ဘာ ၁၈ ရက်မှစ၍ မြို့လယ် (၃၆)လမ်းရှိ ရုံးချုပ်၊ ဦးချစ်မောင်လမ်းဆိုင်ခွဲ၊ လှည်းတန်းစင်တာဆိုင်ခွဲ၊ သမိုင်းဆိုင်ခွဲနှင့် ပြည်ထောင်စု ရိပ်သာလမ်း ဆိုင်ခွဲများအပြင် မ္တလေး၊ နေပြည်တော်၊ ပုသိမ်နှင့် မော်လမြိုင်မြို့တို့ရှိဆိုင်ခွဲများတွင်ပါ ယူနီကုဒ် ပြောင်းလဲအသုံးပြုလိုသူများအား ပြောင်းသုံးနိုင်အောင် အခမဲ့ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာ ထားသည်။
မုံရွာမြို့ရှိ မိုဘိုင်းဝမ်း မိုဘိုင်းဖုန်းဆိုင်(ဖုန်း- ဝ၉-၉၆၉ ၆၆၆ ၂၀၁)ကလည်း ၄င်း၏ ဆိုင်ခွဲသုံးဆိုင်တွင် မိုဘိုင်းဖုန်းများကို ယူနီကုဒ် ပြောင်းလဲပေးခြင်း(သြ ျွသသအ)၊ မြန်မာစာဖြင့် မှတ်သားထားသော ဖုန်းနံပါတ်များ၊ သီချင်းဖိုင်များကို ယူနီကုဒ် ပြောင်းလဲပေးခြင်း၊ ဇော်ဂျီဖောင့်နှင့်ပို့လာသော မက်ဆေ့များကို ယူနီကုဒ်ဖြင့်ဖတ် နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ယူနီကုဒ်ဖြင့် စာရိုက်နိုင်ရန် လက်ကွက်များ ထည့်သွင်း ပေးခြင်းတို့ကို စက်တင်ဘာ ၄ ရက်မှစ၍ အခမဲ့ ဆောင်ရွက်ပေးလျက်ရှိသည်။ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် (၂၅)လမ်းထောင့်ရှိ Frequency Mobile Store(ဝ၉-၇၆၇၅၁၉၉၇၆)ကလည်း ၄င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ယူနီကုဒ် ပြောင်းလဲအသုံးပြုနည်းများ၊ ဇော်ဂျီနှင့်မှတ်ထားသည့် ဖုန်းနံပါတ်များကို ယူနီကုဒ်ပြောင်းနည်းများကို ဖော်ပြပေးနေသည့်အပြင် မပြောင်းတတ်သူများအနေဖြင့် ဖုန်းများ၊ လက်ပ်တော့ပ်များ၊ ကွန်ပျူတာများကို ဆိုင်သို့ယူလာ၍ ယူနီကုဒ်ပြောင်းရန် အခမဲ့ လာရောက်လုပ်ဆောင်နိုင်ကြောင်း သြဂုတ် ၂၆ ရက်ကပင် အသိပေး ကြေညာထားသည်။
မုံရွာမြို့ရှိ ACT မိုဘိုင်းဖုန်းဆိုင်(ဖုန်း-ဝ၉-၇၆၄၀ ၇၀ဝ၇၀)ကလည်း ၄င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် Xiaomi ဖုန်းများကို ဇော်ဂျီမှ ယူနီကုဒ် ပြောင်းလဲအသုံး ပြုနည်းများ၊ ဇော်ဂျီနှင့်မှတ်ထားသည့် ဖုန်းနံပါတ်များကို ယူနီကုဒ်သို့ ပြောင်းလဲနည်း များကို ဗွီဒီယိုများဖြင့် ဖော်ပြနေသည့်အပြင် ဆိုင်တွင်လည်း အခမဲ့ လာပြောင်းနိုင် ကြောင်း စက်တင်ဘာ ၂၁ ရက်မှစ၍ ကြေညာထားသည်။
မန္တလေးမြို့ရှိ ရွှေနဂါး Mobile Experience store (ဖုန်း-ဝ၉-၉၆၄၄၄၈၄၅၆) ကလည်း Unicode Migration ကို တစ်စိတ်တစ်ပိုင်း အထောက်အကူပြုရန် ရည်ရွယ်ပြီး မည်သည့် Xiaomi ဖုန်းများကိုမဆို ယူနီကုဒ်စနစ်အတွက် လိုအပ် သည့် ပြောင်းလဲမှုများ ပြုလုပ်ပေးခြင်း၊ အက်ပလီကေးရှင်းများ ထည့်သွင်းပေးခြင်း တို့ကို အခမဲ့ ကူညီပေးသွားမည်ဖြစ်၍ ယူနီကုဒ်ပြောင်းလိုသည့် Mi User များ အနေဖြင့် ကိုယ်တိုင်ပြုလုပ်ရန် အခက်အခဲရှိပါက လာရောက်လုပ်ဆောင်နိုင်ကြောင်း သြဂုတ် ၂၇ ရက်ကပင် ကြေညာထားသည်။
အဆိုပါ ဖုန်းဆိုင်များအပြင် ရန်ကုန်မြို့ က္ဘာအေးဘုရားလမ်း မြတ်ဆုမွန်ကွန်ဒိုရှိ နက်ဝပ်ဆားဗစ် လုပ်ငန်းတစ်ခုဖြစ်သော GCN System& Network Services (ဖုန်း-ဝ၉-၅၀၂၇၃၅၆)ကလည်း သုံးစွဲသူများအနေဖြင့် မိုဘိုင်းဖုန်းများ၊ တက်ဘလက်များနှင့် ကွန်ပျူတာများကို ယူနီကုဒ် ပြောင်းလဲရန်အတွက် ၄င်းတို့၏ ဆားဗစ်စင်တာတွင် စက်တင်ဘာ ၂၄ ရက်မှစ၍ အင်္ဂ ါ၊ ဗုဒ ̈ဟူးနှင့် ကြာသပတေး နေ့တိုင်း မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း အခမဲ့ လာရောက်လုပ်ဆောင် နိုင်မည်ဖြစ်ကြောင်း အသိပေး ကြေညာထားကာ ရုံးများ၊ အိမ်များနှင့် စက်ရုံများရှိ ကွန်ပျူတာများကို ယူနီကုဒ်သို့ ပြောင်းလဲရာတွင် အခက်အခဲများရှိပါကလည်း အခမဲ့ လာရောက်ဆွေးနွေးနိုင်ကြောင်း အသိပေးထားသည်။
ကွန်ပျူတာသုံး မြန်မာစာ စံစနစ်ဖြစ်သော ယူနီကုဒ်ကို ပြောင်းလဲအသုံးပြုရန် အတွက် ယူနီကုဒ်သုံးသူများ၏ တိုက်တွန်းမှုများနှင့် လှုပ်ရှားမှုများ ယခင်ကပင် ရှိခဲ့သော်လည်း လာမည့် အောက်တိုဘာ ၁ ရက်မှစ၍ တစ်နိုင်ငံလုံး ယူနီကုဒ်ကို ပြောင်းလဲအသုံးပြုရန် နိုင်ငံတော်အစိုးရက ဦးဆောင်၍ ယခု လုပ်ဆောင်နေမှုသည် အတက်ကြွဆုံးသော လှုပ်ရှားမှုဖြစ်ကာ ပုဂ္ဂလိက ဖုန်းဆိုင်များကပါ စိတ်ဝင်စားစွာ ပါဝင်လှုပ်ရှားလာကြခြင်းဖြစ်သည်။
သူရဖြိုး