မန္တလေး ၁၅ ဧပြီ
Kuming Medical University မှ ယူနန်ဆေးပညာရှင်အဖွဲ့သည် ဧပြီ ၁၅ ရက် နံနက် ၉ နာရီခွဲက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၅ လမ်းနှင့် ၅၆ လမ်းကြား၊ အောင်ဆန်းလမ်းရှိ ထွန်တုံးကျန်းမာရေးဌာနခွဲတွင် ဖွင့်လှစ်ထားသော မန္တလေးမြို့၏ ပထမဆုံးသော အခမဲ့အထူးဆေးခန်းဖြစ်သည့် ဖျားနာရောဂါ ကုသရေးဆေးခန်း (Fever Clinic) သို့ ရောက်ရှိလေ့လာခဲ့ကြသည်။
အဆိုပါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ဝင် ၁၂ ဦးပါအဖွဲ့သည် ဖျားနာရောဂါ ကုသရေးဆေးခန်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆေးခန်းအတွင်း လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို အကြံပြုခဲ့ကြောင်းနှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးနိုင်ရန် ဧပြီ ၁၄ ရက်က မန္တလေးသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်