mdn

ကူမင်း ၁၆ အောက်တိုဘာ

 

COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုများ တိုက်ဖျက်ရာ၌ အထောက်အကူဖြစ်စေရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်(ကျောက်ဖြူ) ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သို့ ယွမ် ဒသမ သန်းအား ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့ မွန်းလွဲ နာရီခွဲတွင် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ယူနန်ပြည်နယ်ကိုယ်စား ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးချုပ် Mme, Pu Hong မှ ပေးအပ်လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံကိုယ်စား ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်မှ လက်ခံရယူခဲ့သည်။ ထို့နောက် ကောင်စစ်ဝန်ချုပ်မှ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

 

အဆိုပါလှူဒါန်းငွေအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ လွှဲပြောင်းပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

 

MDN