နေပြည်တော်  ၃၀  ဇန်နဝါရီ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ လတ်တလော ဖြစ်ပွားလျက်ရှိသည့် ပြင်းထန် အဆုတ်ရောင်ရောဂါ (2019 Novel Coronavirus) အန္တရာယ်ကြောင့် ယူနန်ပြည်နယ်တွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာအလုပ်သမားများမှာ ၎င်းတို့၏နေရပ်သို့ ပြန်လိုကြောင်း မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့သို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။

 

မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူနန်ပြည်နယ် သက်ဆိုင်ရာ ပြည်နယ်ခွဲအစိုးရများ၊ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ပြည်နယ်အစိုးရတာဝန်ရှိသူများနှင့် ဆက်သွယ်ညှိနှိုင်းလျက်၊ ပေါင်စန်းပြည်နယ်ခွဲတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာအလုပ်သမား (၁၀၅၇) ဦးကို ဇန်နဝါရီ ၂၈  ရက်နေ့မှ ၃၀  ရက်နေ့အတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်မှတစ်ဆင့် လည်းကောင်း၊ တဲဟုန်ပြည်နယ်ခွဲတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာအလုပ်သမား (၁၂၈) ဦးကို ဇန်နဝါရီ ၂၉  ရက်တွင် ရွှေလီ-မူဆယ် နယ်စပ်ဂိတ်မှတစ်ဆင့် လည်းကောင်း အသီးသီး ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရှိရသည်။

 

Credit- Ministry of Foreign Affairs Myanmar