၃၁ ဇန်နဝါရီ
ယူရေနီယံလျော့နည်းလာသည်ဟု ယူဆရသော ရေဒီယိုသတ္တိကြွပစ္စည်းများ ရောင်းဝယ်မှုကို ဂျပန်နိုင်ငံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။
လေလံဝဘ်ဆိုဒ်တစ်ခုတွင် ယူရေနီယမ်ဟုဆိုသော အမှုန့်နှင့် အစိုင်အခဲများရောင်းချရန် ဈေးကွက်တင်ထား သည်ဟု သတင်းရရှိပြီးနောက် နျူကလီးယားအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများသည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ အတွင်း တိုကျိုရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း သတင်းရပ်ကွက်များက ပြောကြားသည်။
တိုကျိုရဲတပ်ဖွဲ့က ရောင်းချသူများနှင့် ဝယ်ယူသူများကို ဖော်ထုတ်ဖမ်းဆီးခဲ့ပြီး ပစ္စည်းများကို သိမ်းဆည်းခဲ့ သည်။ သိမ်းဆည်းခဲ့သည့် ပစ္စည်းများမှာ ယူရေနီယမ်အဆင့်နိမ့် ရေဒီယို သတ္တိကြွပစ္စည်းများဖြစ်ကြောင်း စစ် ဆေးမှုတစ်ခုက တွေ့ရှိခဲ့သည်။
ပစ္စည်းများကို ပြည်ပရှိလူမှုကွန်ရက်စာမျက်နှာပေါ်မှ ဝယ်ယူခဲ့သည်ဟု ရောင်းချသူက စုံစမ်းစစ်ဆေးသူများကို ပြောကြားသည်ဟု ဆိုသည်။
လိုင်စင်မရှိပဲ ယူရေနီယမ်နှင့် အခြားရေဒီယိုသတ္တိကြွပစ္စည်းများ ရောင်းဝယ်ခြင်းမှာ တရားမဝင်ပေ။
အရောင်းအဝယ်ကိစ္စက နျူကလီးယားဓာတ်ပေါင်းဖို စည်းမျဉ်းဥပဒေများကို ချိုးဖောက်ခြင်း ရှိမရှိ တိုကျိုရဲတပ်ဖွဲ့က စောင့်ကြည့်လျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်
