ယူရေနီယမ်သန့်စင်မှု အီရန်နိုင်ငံက တိုးမြှင့်လုပ်ဆောင်မည်ဟုဆို

တီဟီရန် ၈ ဇူလိုင် 

 


၂၀၁၅  ခုနှစ်  နျူကလီးယား  သဘောတူညီချက်က သတ်မှတ်ထားသည့်    ကန့်သတ်ချက်ကိုကျော်လွန်၍ ယူရေနီယမ်သန့်စင်မှုအဆင့်ကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း အီရန်နိုင်ငံက ပြောကြားလိုက်သည်။ အမေ ရိကန်က အီရန်အပေါ် ထပ်မံချမှတ်သည့် စီးပွားရေးပိတ်ဆို့မှုများကြောင့် သဘောတူညီချက်ပါ ကတိကဝတ်များကို လိုက်နာမည်မဟုတ်ကြောင်း အီရန်နိုင်ငံက ဆိုသည်။

 

ကန့်ကွက်မှုရှိလာမည်ယူရေနီယမ် သန့်စင်မှုလုပ်ငန်းကို နာရီအနည်းငယ်အတွင်း စတင်မည်ဖြစ်ပြီး  သန့်စင်မည့်အဆင့်မှာ  ကန့်သတ်ချက်ထက် ၃ ဒသမ ၆၇ ရာခိုင်နှုန်း ကျော်လွန်မည်ဟု အီရန်အာဏာပိုင်များက  ပြောကြားသည်။ သို့သော်လည်း အသေးစိတ်အချက်များကို ၎င်းတို့က ပြောကြားခြင်း မရှိပေ။  ယခုဆောင်ရွက်ချက်က  အမေရိကန်နှင့်ထိပ်တိုက်တွေ့ဆုံမှုကို ပိုမိုအရှိန်မြှင့်လာစေပြီး အီရန်နိုင်ငံကို ပံ့ပိုးကူညီရန်  နည်းလမ်းရှာဖွေနေသည့် ဥရောပတိုင်းပြည်များထံမှ  ကန့်ကွက်မှုရှိလာမည်ဖြစ်သည်။  

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-ကျော်ထိုက်စိုး