ဇွန် ၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကိုထိန်းချုပ်ရန် မြို့တော်ဒါကာနှင့် ဆက်စပ်သည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားသည်။
ဘင်္ဂလားဒေ့ရှ်မီးရထား(BR)က မြို့တော် ဒါကာရှိ အစုန်အဆန်ရထားများအားလုံး ဗုဒ္ဓဟူးနေ့ မနက် ၁၂ နာရီ ၁ မိနစ်မှစတင် ရပ်ဆိုင်းကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။
အဆိုပါ ရပ်ဆိုင်းထားမှုသည် ဇွန် ၃၀ အထိ ကြာမြင့်မည်ဖြစ်ကြောင်း BR အကြီးတန်းတာဝန်ရှိသူတစ်ဦးဖြစ်သော ဆာဒါရှာဟာဒက်အလီက သတင်းထောက်များကို ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုထိန်းချုပ်ရေး အရေးပေါ် စီမံချက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် မြို့တော်အဝင်အထွက် အဝေးပြေး ဘတ်စ်ကားများကိုလည်း ခေတ္တဆိုင်းငံ့ထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြာသပတေးနေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၀၅၈ ဦးရှိပြီး ရောဂါကူးစက်ခံရသူ ၈၇၂၉၃၅ ဦးအထိ ရှိလာသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၈၁ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူစုစုပေါင်း ၁၃၈၆၈ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို