ရေဦး ၈ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် မတ် ၂၈ ရက်ညက ကုတင်(၁၀ဝ)ဆံ့ ပြည်သူ့ ဆေးရုံတွင် ကိုဗစ် - ၁၉ သံသယလူနာအဖြစ် စောင့်ကြည့်နေသည့် တာတိုင်ကျေးရွာနေ ဦးတိုင်းထွန်းသည် စောင့်ကြည့်ကာလ ၁၄ ရက် မပြည့်မီ ထွက်ပြေးသွားခဲ့သည့်အတွက် ဧပြီ ၇ ရက် နံနက်ပိုင်းက မြို့နယ်တရားရုံး တွင်တရားစွဲ ဆိုစစ်ဆေးခဲ့ရာ ပြစ်မှုထင်ရှားသဖြင့် မြို့နယ်တရားရုံးက ဦးတိုင်းထွန်းအား အလုပ်နှင့်ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီ၏ သတင်းထုတ်ပြန်ကြေညာချက်အရ သိရသည်။
သန်းသန်း (ရေဦး)