သံသယလူနာအဖြစ် စောင့်ကြည့်နေစဉ် ထွက်ပြေးသွားသူအား အလုပ်နှင့် ထောင်ခြောက်လ ပြစ်ဒဏ်ချမှတ်

ရေဦး  ၈     ဧပြီ  

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် မတ် ၂၈ ရက်ညက ကုတင်(၁၀ဝ)ဆံ့ ပြည်သူ့ ဆေးရုံတွင် ကိုဗစ် - ၁၉  သံသယလူနာအဖြစ် စောင့်ကြည့်နေသည့်  တာတိုင်ကျေးရွာနေ  ဦးတိုင်းထွန်းသည်  စောင့်ကြည့်ကာလ ၁၄ ရက် မပြည့်မီ ထွက်ပြေးသွားခဲ့သည့်အတွက် ဧပြီ ၇ ရက် နံနက်ပိုင်းက မြို့နယ်တရားရုံး   တွင်တရားစွဲ ဆိုစစ်ဆေးခဲ့ရာ ပြစ်မှုထင်ရှားသဖြင့် မြို့နယ်တရားရုံးက  ဦးတိုင်းထွန်းအား အလုပ်နှင့်ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီ၏ သတင်းထုတ်ပြန်ကြေညာချက်အရ သိရသည်။

သန်းသန်း (ရေဦး)