အပေးမှန်မှ အရမှန်ပါမည်
မင်းသိမ်း(နေပြည်တော်)
ခရီးစဉ်တစ်ခုအတွင်း ခေါင်းစဉ်ပါ စာတန်းလေးကို အမှတ်မထင် ဖတ်ခဲ့ရစဉ်က အတော်လေးကို သဘောကျ စိတ်ဝင်စားမိ ခဲ့ပါသည်။ လေးနက်သောအဓိပ္ပာယ်ကို ဖော်ဆောင်သလို ဆောင်ရန် ရှောင်ရန် ပေါင်းများစွာကို ပေါင်းစုဖော်ပြထားသည့် စာတန်းလေးဖြစ်ကြောင်း သတိထားခဲ့ပါသည်။