မာန်အောင်မြို့နယ် ဘဲအင်းအုပ်စုပန်းခြံချောင်း တံတားတည်ဆောက်ရေးလုပ်ငန်းခွင်၌ မတော်တဆ ထိခိုက် ဒဏ်ရာရသူ တစ်ဦးသေဆုံး
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဘဲအင်းအုပ်စုပန်းခြံချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်၌ ဒီဇင်ဘာ ၁၄ ရက်ညနေ ၇ နာရီ ၄၅ မိနစ်က လူတစ်ဦး မတော်တဆထိခိုက်ဒဏ်ရာရကာ သေဆုံးခဲ့ကြောင်း သိရသည်။